အသည်းကြီးနေရင် ဘာတွေ ဂရုစိုက်ရမလဲ
အသည်းက လူတစ်ယောက် ကျန်းမာစေဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းပါ။ အသည်း မကျန်းမာဘူးဆိုရင် နေ့စဉ်ဘမြှာ ကျန်းမာစေဖို့ အတော်လေး ခက်ခဲပါတယ်။ အခုတစ်ခေါက်တော့ အသည်းက မကျန်းမာဘဲ ကြီးနေမယ်ဆိုရင် ဘာတွေ ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။
- ကိုယ်အလေးချိန်ကို ထိန်းပါ - အရမ်းကို အဝလွန်နေတာက အသည်းကို ထိခိုက်စေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ချောလေး ထိန်းညှိပေးဖို့ လိုပါမယ်။ အဝလွန်တာက အသည်းမှာ အဆီဩုနိုင်ခြေ များစေပါတယ်။
- အာဟာရ ပြည့်ဝမျှတအောင် စားပါ - အသည်းရောင်နေချိန်မှာ အခြေအနေ ပိုဆိုးမသွားစေဖို့အတွက် အဆီများတာ အထူးသဖြင့် ပြည့်ဝဆီ များတာ၊ သန့်စင်ထားတဲ့ ကစီဓာတ် နဲ့ သကြားပါဝင်မှု များတာတွေကို ရှောင်ဖို့ လိုသလို ပင်လယ်စညတွေကို အစိမ်းစားတာမျိုး မလုပ်ဖို့လည်း လိုပါမယ်။ နို့ထွက်ပစ္စည်းတွေကိုလည်း တတ်နိုင်သမျှ ရှောင်ဖို့ လိုပါမယ်။ ရေများများသောက်ပါ။
- လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ - လေ့ကျင့်ခန်း ပုံမှန် လုပ်တာက အသည်းက အဆီတွေကို ဖယ်ရှားပေးနိုင်သလို အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် အသည်းရောင်တာကို သက်သာစေနိုင်ပါတယ်။
- အရက်ဖြတ်ပါ - အရက်သောက်တာက အသည်းခြောက်စေသလို အသည်းကြီးတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသည်းကြီးနေပြီဆိုရင်တော့ အရက်ကို လုံးဝမသောက်ဘဲ ဖြတ်လိုက်တာက အကောင်းဆုံးပါ။
- သကြားဖြတ်ပါ - အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ သကြားပါဝင်မှု များတဲ့ အစားအစာတွေက အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသည်းရောင်နေချိန်မှာ သကြားကို တတ်နိုင်သမျှ လျှော့ပေးပါ။
- ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်သောက်တာက အသည်းကို ထိခိုက်စေနိုင်သလို ဆေးလိပ်ငွေ့ကလည်း အသည်းရောင်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အသည်းရောင်နေတယ်ဆိုရင် ဆေးလိပ်ကို လုံးဝ ဖြတ်လိုက်ပါ။
- အိပ်ရေးဝဝအိပ်ပါ - အိပ်ရေးပျက်တာက အသည်းကို ထိခိုက်စေနိုင်တယ်ဆိုတာကို အားလုံးက သိထားပြီး ဖြစ်မှာပါ။ ဒီလိုပါပဲ အသည်းရောင်နေချိန်မှာ အိပ်ရေးပျက်ခံတာကလည်း အသည်းကို ပိုလို့ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသည်းရောင်နေမယ်ဆိုရင် အိပ်ရေးဝဝအိပ်ပါ။
- ဆေးမှန်မှန် သောက်ပါ - အသည်းရောင်တာကြောင့် ဆေးသောက်နေရပြီဆိုရင်တော့ ဆေးကို မှန်မှန်လေး သောက်ပေးဖို့ လိုပါမယ်။ ဆေးမှန်မှန်သောက်တာက အသည်း ကျန်းမာစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မှာပါ။
အသည်းကြီးတာက တစ်ခါတလေမှာ ခဏမျှသာ ခံစားနေရပြီး အချို့သော အခြေအနေမှာတော့ ရေရှည် ခံစားရနိုင်ပါတယ်။ ဒီလို ရေရှည် အသည်းကြီးတာက အသည်းကို တဖြည်းဖြည်းချင်း ပျက်စီးသွားစေပြီး နောက်ဆုံးမှာ အသက်အန္တရာယ် ထိခိုက်စေတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသည်းကို ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဖို့ လိုမှာ ဖြစ်သလို ကျန်းမာတဲ့ နေထိုင်နည်းတွေကို လိုက်နာဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။
မွန်မွန်